လူထုအကျိုးပြုဘာသာစကားသင်တန်းများနှင့်ကျူရှင်

လူထုအကျိုးပြုဘာသာစကားသင်တန်းများ
ဤဘာသာစကားသင်တန်းများကိုအခကြေးငွေမယူဘဲလူထုအားလုံးအားသင်ကြားပေးပါသည်။အ တန်းသုံးပစ္စည်းများပါ၀င်သောမှတ်တမ်းတင်ကြေး ၁၅ ဒေါ်လာရှိပါသည်။ သင်နှင့်အတူကျွန်ုပ်တို့၏ မြို့မှအခြားအဖွဲ့ဝင်များပါ၀င်ကာ Omaha အသိုက်အဝန်းမှဌာနေမိခင်ဘာသာစကားပြောသူများနှင့် တွေ့ဆုံလေ့ကျင့်ခွင့်ရရှိမည်ဖြစ်သည်။ အလှူငွေလှူခြင်းသည်မိမိရွေးချယ်ပိုင်ခွင့်ဖြစ်သော်လည်းလှူ ပါကကျေးဇူးတင်လျက်အသိအမှတ်ပြုပါသည်။ကျွန်ုပ်တို့သည်ပျော်စရာကောင်းပြီးစိန်ခေါ်မှုရှိ သော,မိမိအတွက်တိုးတက်စေသာသင်တန်းများကိုအဆက်မပြတ်သင်ပေးနိုင်ခြင်းဟာသင်၏ပံ့ပိုးပါ၀င်ပေးခြင်းကြောင့်ဖြစ်ပါသည်။


ကျူရှင်
သင်သည်အခြားဘာသာစကားကိုသင်ယူရန်စိတ်အားထက်သန်သော်ငြားသင်၏အချိန်ဇယားနှင့် ကျွန်ုပ်တို့၏သင်တန်းချိန်မကိုက်ဘဲဖြစ်နေပါသလား? ဒါမှမဟုတ်သင်ကတဦးချင်းသင်ယူညွှန်ကြား ချက်နဲ့ပိုအဆင်ပြေပါသလား? ကျွန်ုပ်တို့ကိုပြောပြပါ။ ကျွန်ုပ်တို့ရဲ့ကျူရှင်သည်သင့်တင့်သော သင်တန်းကြေးဖြင့်သင်ကြားပေးပါသည်။သင်၏ဘာသာစကားသင်ယူခြင်းခရီးကိုစတင်ရာတွင် ကူညီပေးမည့်ကျွန်ုပ်တို့၏နည်းပြဆရာတစ်ဦးနှင့်သင့်အားဆက်သွယ်ချိတ်ဆက်ပေးလိုပါသည်။
အမြဲမေးလေ့ရှိသောမေးခွန်းများ
အသက်16နှစ်နှင့်အထက်ရှိသူများသည်လူထုအကျိုးပြုသင်တန်းများကိုလောလောဆယ်သင်ယူ
နိုင်သည်။အသက်5နှစ်နှင့်အထက်သူများအတွက်ကျူရှင်ဝန်ဆောင်မှုများကိုလောလောဆယ်ရရှိနိုင် ပါသည်။.
လူထုအကျိုးပြုသင်တန်းများကိုနွေဦး၊နွေရာသီနှင့်ဆောင်းဦးများတွင်တစ်နှစ်လျှင်သုံးကြိမ်ပို့ချ ပေးပါသည်။သင်တန်းရက်များနှင့်အချိန်အသေးစိတ်ကိုကျွန်ုပ်တို့၏သတင်းလွှာနှင့်လူမှုမီဒီယာ စာမျက်နှာများမှရရှိနိုင်ပါသည်။ကျူရှင်သင်တန်းကိုမိမိလိုအပ်ချက်များအပေါ်မူတည်၍စီစဥ်ပေးပါသည်။.
ကျူရှင်ဝန်ဆောင်မှုများသည် တစ်ဦးချင်းလိုအပ်ချက်များနှင့် ကိုက်ညီပါသည်။
လူ့အသိုင်းအဝိုင်းသင်တန်းများသည် သင်တန်းတိုင်း ၁၀ ပတ်ကြာသည်။
ကျူရှင်ဝန်ဆောင်မှုများသည် တစ်ဦးချင်းလိုအပ်ချက်များနှင့် ကိုက်ညီပါသည်။
ကျွန်ုပ်တို့၏သတင်းလွှာအတွက်စာရင်းသွင်းပါ!

ကျွန်ုပ်တို့သည်လူမှုအဖွဲ့အစည်းအတွင်းမှလူများအားလုံးထံသို့အရေးကြီးအချက်အလက်များ,အကူအညီအရင်းမြစ်များ,ဆက်ဆံရေးအခွင့်အလမ်းများရရှိစေရန်နှင့်မိမိတို့၏လူမှု့အသိုင်း၀ိုင်းဖြစ်တည်ခြင်းအပေါ်မိမိတို့၏ဆန္ဒပြုထင်မြင်ချက်ပေးရန်ဘာသာစကားအခက်အခဲအဆီးအတားများကိုဖယ်ရှားပေးပါသည်။
စာပို့လိပ်စာ:
World Speaks
7914 W Dodge Rd #475
Omaha, NE 68114