ငွေကြေးပံ့ပိုးမှု၊စေတနာ့ဝန်ထမ်းလုပ်ခြင်းသို့မဟုတ်သတင်းမျှ၀ေပေးခြင်းမည်သို့ပင်ဖြစ်ပါစေသင်၏ပံ့ပိုးကူညီမှုအားကျွန်ုပ်တို့အသိအမှတ်ပြုပါသည်.

အပြာနုရောင်စတုရန်းတစ်ခုတွင်ထောင့်တစ်ခုစီမှမတူညီသောအသားအရောင် ကိုကိုယ်စားပြုသည့်လက်လေးချောင်းသည်အဖြူရောင် World Speaks တံဆိပ် အပိုင်းအစကိုကိုင်ဆောင်ကာအလယ်ဗဟိုသို့အတူတကဖြည့်စွက်နေ သည့်ပုံ။ 

ကျွန်ုပ်တို့ဆိုင်တွင် ဈေးဝယ်ပါ

ဘာသာစကားရရှိနိုင်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးမှုဆိုင်ရာ ကျွန်ုပ်တို့၏ သတင်းစကားကို ဖြန့်ဝေရန် ကူညီလိုပါသလား။

World Speaks ကုန်ပစ္စည်းဝယ်ယူခြင်းက သင့်အား ထိုသို့ပြုလုပ်နိုင်စေပြီး တစ်ချိန်တည်းမှာပင် အကောင်းဆုံးပုံပေါက်စေမည်ဖြစ်သည်။ 

သင့်၀ယ်ယူမှု၏ ရာခိုင်နှုန်းတစ်ခုချင်းစီသည် World Speaks သို့လှူဒါန်း ပေးပြီး ကျွန်ုပ်တို့ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက်လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးပါသည်။ 

စေတနာ့ဝန်ထမ်း 

သံတမန်များ

လူမှုအသိုင်းအ၀ိုင်းထဲကျင်းပသည့်ပွဲးများတွင် World Speaks ကိုယ်စာ လှယ်များမှ စားပွဲ ခင်းကျင်းပြီး ကျွန်ုပ်တို့ ၏အစီအစဥ်များကို မြှင့်တင်ခြင်း၊ ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ မျော်မှန်းချက်နှင့် တန်ဖိုးများကို မျှ‌ဝေပေးခြင်း ဖြင့် အိုမဟာလူမှုအသင်းအဖွဲ့များကို ကိုယ်စားပြု ပံ့ပိုးပေးလျက် ရှိပါသည်။ 

ဤရာထူးသည် ပွဲးတွင်ပြင်ဆင်ရန်နှင့်သိမ်းဆည်းရာတွင် ကိုယ်စာလှယ်များ အား အကူအညီပေးခြင်း၊ လူမှုအသိုင်းအ၀န်းအဖွဲ့၀င်များနှင့် ထိတွေ့ဆက် ဆံခြင်း၊ လူမှုကွန်ယက်မီဒီယာများတွင် အပြန်အလှန်ဆက်သွယ်ရန် နိုးစော် ပေးခြင်းနှင့် ကျွန်ုပ်တို့၏သတင်းစောင်ပါးများ ဖြန့်ဝေ ကူညီပေးရမည်။
ယင်းနောက် ၎င်းတို့သည် အနာဂါတ်တွင်ဖြစ်လာမည့်အစီအစဥ်းများကို မည်ကဲ့သို့ဖြစ်စေလိုကြောင်း အကြံပြုအမြင်များကို စုဆောင်းပေးခြင်း၊ အဖွဲ့အစည်းတိုးတက် ကောင်းမွန်ရေးတွင် အသုံးပြုနိုင်သည့် ဓါတ်ပုံများ ရိုတ်ကူးပေးခြင်းနှင့် ဘာသာစကားရယူနိုင် ခြင်းနှင့်ဆက်စပ်နေသော အခြားလှုပ်ရှားမှုများတွင်လည် ဦးဆောင်ကူညီပေးရပါမည်။  

ဤရာထူးသည် World Speak ၏ အကျိုးသက်ရောက်မှုကို ပိုမိုကျယ်ပြန့် အောင် ကူညီပေးလိုသောဆန္ဒရှိပြီး ပွင့်လင်းကာဖော်ရွေသည့် စေတနာ့ ၀န်ထမ်းစိတ်ထားနှင့် စိတ်အားထက်သန်သူအတွက်သာ ရည်ရွယ်ပါသည်။ 

စားပွဲတစ်ခု၌ထိုင်နေသည့်လူမည်းအမျိုးသမီးတစ်ဦးသည်ညာဘက်လက်တွင် ဘောပင်ကိုင်ထားကာသူမ၏ဘေးတွင်ထိုင်နေသည့်အာရှလူကြီးတစ်ဦးမှသူမ၏ မှတ်စုစာအုပ်ပေါ် ရှိတစ်စုံတစ်ခုကိုညွှန်ပြနေသည်ကိုနားထောင်နေသည်။သူမသည် အညိုရောင်အပေါ်ထပ်နှင့်အနက်ရောင်ဂျာကင်အင်္ကျီကို၀တ်ထားပြီးသူကအဖြူ ရောင်ပိုလိုရှပ်ကိုဝတ်ထားသည်။ နောက်ခံသည်အဖြူရောင်နံရံအခန်းတစ်ခန်းဖြစ် ပြီးအမျိုးသမီးနှစ်ယောက်မတ်တပ်ရပ်ကာစကားပြောနေကြပြီးမျက်နှာတွေကိုမ မြင်ရပါ။စားပွဲ၏အောက်ခြေထောင့်တွင်ပန်းအိုးတစ်ခုရှိသည်။ 

အကြံပေးသူများ/ဌာနေမိခင်ဘာသာစကားပြောသူများ

သင်သည်သင့်နှလုံးသားနှင့်နီးစပ်သောဘာသာစကားတစ်ခုကိုအခြားသူများအားသင်ယူရာတွင်ကူညီပေးလိုပါက၊သင့်ဘဝဇာတ်ကြောင်းကိုမျှဝေလိုပါက၊Omaha လူမှုအသိုင်းအဝိုင်း၊ယဉ်ကျေးမှုနှင့်မ တူကွဲပြားမှုများကိုနှစ်သက်ပါက World Speaks အတွက်အကြံပေးသူ/ဌာနေမိခင်ဘာသာ စကားပြောသူအဖြစ်ပါ၀င်ပါ။! သင်သည်ကျောင်းသားများနှင့်အပြန်အလှန် ဆက်ဆံမိတ်ဖွဲ့ခြင်း၊ ၄င်းတို့လေ့ကျင့်ရာတွင်ကူညီပေးခြင်း၊အကြံဉာဏ်များပေးခြင်း၊စိတ်ဓါတ်မြှင့်တင်ပေးခြင်း၊၎င်းတို့ ၏ဘာသာစကားသင်ယူခြင်းခရီးလမ်းတွင်ကူညီပေးရန်အတွက်၎င်းတို့၏မေးခွန်းများကိုဖြေဆိုပေး ခြင်းစသည့်အခွင့်အလမ်းများရရှိမည်ဖြစ်သည်။

ဘာသာစကားနှစ်မျိုးပြောသူမဟုတ်ဘူးလား?

ပြဿနာမဟုတ်ပါ! World Speaks၏အစီအစဥ်များအပေါ်အားကျစိတ်အားထက်သန်သူတစ်ဦး ချင်းစီအတွက်အခြားသောစေတနာ့ဝန်ထမ်းအခွင့်အလမ်းများရှိသည်။

Two World Speaks' volunteers and The Executive Director Leah standing next to each other wearing World Speaks’ merchandise (hats and t-shirts) smiling at the camera behind gray chairs at an event. The background is an outdoor event at a local stadium.

ကျွန်ုပ်တို့၏သတင်းလွှာအတွက်စာရင်းသွင်းပါ!

The World Speaks Logo ကိုအဖြူရောင်ဖြင့်ရေးသားထားပြီး World Speaks ဟုစာသားဖြင့်ဖော်ပြထားသည်။စကားလုံးများသည်လုံးဝန်း၍စာလုံးကြီး ဖောင့် ဖြင့်ရေးသည်။

ကျွန်ုပ်တို့သည်လူမှုအဖွဲ့အစည်းအတွင်းမှလူများအားလုံးထံသို့အရေးကြီးအချက်အလက်များ,အကူအညီအရင်းမြစ်များ,ဆက်ဆံရေးအခွင့်အလမ်းများရရှိစေရန်နှင့်မိမိတို့၏လူမှု့အသိုင်း၀ိုင်းဖြစ်တည်ခြင်းအပေါ်မိမိတို့၏ဆန္ဒပြုထင်မြင်ချက်ပေးရန်ဘာသာစကားအခက်အခဲအဆီးအတားများကိုဖယ်ရှားပေးပါသည်။          

စာပို့လိပ်စာ:

World Speaks
7914 W Dodge Rd #475
Omaha, NE 68114

ထိပ်ဆုံး