ကျွန်ုပ်တို့၏အပိုဆောင်းအစီအစဥ်များ
လုပ်ငန်းသုံးဘာသာစကား၀န်ဆောင်မှုများ
ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအတွက် စက်ရုံ/အလုပ်ရုံများတွင် သီသန့်အသုံးပြုနိုင်သည့်ဘာသာစကားအသုံး အနှုန်းများကို အထူးပြုစကားပြောသင်တန်းပို့ချပေးပါသည်။ သင်ရည်ရွယ် ထားသည့်ခေါင်းစဥ်များအတိုင်း လက်တွေ့ဘ၀တွင်ကျင့်သုံးနိုင်သည့် ဆက်စပ်ဆီလျော်သော ဝေါဟာရများဖြင့် သင်၏သီးခြား လိုအပ်ချက်နှင့် အညီ သင်တန်းအစီအစဥ်တစ်ခုချင်းစီကိုဖန်တီးပေးထားပါသည်။ အလုပ်ခွင်အတွင်း လက်တွေ့ကျကျ ထိထိရောက်ရောက်ပြောဆိုဆက်ဆံနိုင် မည့်စွမ်းရည် မြှင့်တင်ပံ့ပိုးပေးနိုင်ရန် သင်တန်းများကို သင်တက်လိုသည့် အချိန်နှင့် သင့်စီးပွားရေးရည်မှန်ချက်အတိုင်း ပြင်ဆင်ပေးထားပါသည်။
သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ
ကျွန်ုပ်တို့ပေးသည့်သင်တန်းနှင့် ဆွေးနွေးပွဲးများသည် နားလည်နိုင်စွမ်း ရှိသော ဘာသာစကားရရှိနိုင်မှုနှင့် သာသာစကားတရားမျှတမှု ပညာပေး ခြင်းမှတစ်ဆင့် ဘာသာစကားနှင့် ယဥ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်စေရန် ထောက်ကူပေးပါသည်။ ကျွန်ုပ်တို့၏ ၀န်ထမ်းများ အတွက်လဲ ဘာသာမျိုးစုံပြောနိုင်သည့် အင်္ဂါရပ်ပြည့်စုံပြီး ကျွမ်းကျင် ထိရောက်စွာ စကားပြန်၀န်ဆောင်မှုများ ပေးနိုင်ရန် လိုအပ်သည့်အရည် အချင်းများအတွက် စကားပြောသင်တန်းဖွင့်ပေးခြင်းဖြင့် ဖြည့်စွက်ကူညီ ပေးနေပါသည်။
ကျွန်ုပ်တို့သည် သာသာစကားရယူနိုင်ခွင့် အစီအစဥ်များချမှတ်ထားရှိပေး သော၊ ဘာသာစကားမျိုးစုံကျင့်သုံးသောမူ၀ါကို အကောင်အထည့်ဖော်ပေး သော၊ ယဥ်ကျေးမှု့ဓလေ့နှင့် ကိုက်ညီလိုက်ဖက်သည့် တုံ့ပြန်မှုရှိသော အလေ့အကျင့်များကို ဖော်ဆောင်ပေးသည့် အသင်းအဖွဲ့တိုင်းကို ထောက်ခံ အားပေးပါသည်။ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုကို လက်ခံရယူသော အသင်း အဖွဲ့များ၏ ရည်ရွယ်ချက်၊ တန်ဖိုးများနှင့်အညီ ၎င်းတို့၏၀န်ဆောင်မှုပြု နေသော လူ့အဖွဲ့အစည်းထဲ လက်တွေ့ကျကျ အသုံးပြုနိုင်မည့် အရာများကို ဖြည့်စွမ်းပေးနိုင်ရန် အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် သီသန့် သင်တန်းများကို ကျွန်ုပ်တို့ပြင်ဆင်ထားပေးပါသည်။
လူမှုအသိုင်းအ၀ိုင်းရှိ ကျင်းပသည့်ပွဲးများနှင့် တင်ပြချက်များ
ကျွန်ုပ်တို့သည် ဒေသခံပြည်သူအများအပြားနှင့် လူမှုအသိုင်းအ၀ိုင်းထဲ ဘာသာစကားရရှိနိုင်ရေးလိုအပ်ချက်များကြောင့် အကြောင်းအရာတင်ပြ ချက်များကို ဘာသာစကားမျိုးစုံဖြင့် တင်ပြနိုင်ရန် ရည်စူးပြီး (ဘာသာပြန်/ စကားပြန်)ပေးသည့် ၀န်ဆောင်မှုများပေးနေပါသည်။ ဤကဏ္ဍများသည် တရားမျှတစွာ တန်းတူ ဘာသာစကားရယူခြင်းကို အကောင်အထည်ပေါ် လွင်စေပြီး လူမှုအဖွဲ့ အစည်းများ၏၀န်ဆောင်မှုများကို အဓိပ္ပါယ်ရှိရှိ ဖော်ပြပေးလျှက်ရှိပါသည်။ ဘာသာစကားပေါင်းစုံ၏မူ၀ါဒကိုလည်း တန်ဖိုးမြှင့်တင်ပေးပါသည်။
ကျွန်ုပ်တို့သည် လူမှုအသိုင်းအ၀ိုင်းမှ ကျင်းပသည့်ပွဲးများတွင် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်လျှက်ရှိပြီး လူမှုအသိုင်းအ၀န်းရှိအဖွဲ့၀င်များ၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာလှုပ်ရှားနိုင်ရန်အတွက် ဘာသာ စကား မျိုးစုံဖြင့် ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။ ဤလုပ်ငန်းဆောင်တာ များသည် တစ်ဦးနှင့်တစ်ဦးအချိတ်အဆက်ရှိစေပြီး လေ့လာသင်ယူမှုနှင့် လူမှုအသိုင်းအ၀န်းအတွက် အဓိပ္ပါယ်ရှိသည့် ပါ၀င်ပါတ်သက်မှု့ကိုဖော်ပြ နေပါသည်။
ကျွန်ုပ်တို့၏သတင်းလွှာအတွက်စာရင်းသွင်းပါ!
ကျွန်ုပ်တို့သည်လူမှုအဖွဲ့အစည်းအတွင်းမှလူများအားလုံးထံသို့အရေးကြီးအချက်အလက်များ,အကူအညီအရင်းမြစ်များ,ဆက်ဆံရေးအခွင့်အလမ်းများရရှိစေရန်နှင့်မိမိတို့၏လူမှု့အသိုင်း၀ိုင်းဖြစ်တည်ခြင်းအပေါ်မိမိတို့၏ဆန္ဒပြုထင်မြင်ချက်ပေးရန်ဘာသာစကားအခက်အခဲအဆီးအတားများကိုဖယ်ရှားပေးပါသည်။
စာပို့လိပ်စာ:
World Speaks
7914 W Dodge Rd #475
Omaha, NE 68114