ကျွန်ုပ်တို့သည် ဘာသာစကားအသုံးပြုရပိုင်ခွင့်ရှိခြင်းမှာ အခြေခံအခွင့်အရေးဖြစ်သည်ဟုယုံကြည်သောအဖွဲ့အစည်း တစ်ခုဖြစ်သည်။
ကျွန်ုပ်တို့၏မျှော်မှန်းချက်
World Speaks သည် အသံတိုင်းကို လေးစားသည်၊ ဘေးဖယ်ခံထားရသူများ ပါဝင်ပြီး ထိခိုက်လွယ်သူများမှာ ဘေးကင်းသော ကမ္ဘာတစ်ခုဟု မျှော်မှန်းပါသည်။
ကျွန်ုပ်တို့၏ရည်မှန်းလုပ်ဆောင်ချက်
ယဉ်ကျေးမှုပညာရေး၊ မတူကွဲပြားသူအားလုံးအတူတကွပါဝင်ရေးအစပြုဖိတ်ခေါ်မှုနှင့်အကျိုး ဆောင်ဝန်ဆောင်မှုများမှတစ်ဆင့်လူမှုစီးပွားရေးကွာဟချက်များနှင့်မတရားမှုများကိုဖြေရှင်းရန်။
ကျွန်ုပ်တို့၏လုပ်ဆောင်မှုများ
ရယူနိုင်သော၀န်ဆောင်မှု့
လူမှု့အဖွဲ့အစည်း
ဆိုင်ရာဘာသာစကားအလိုက်တစ်ဦးချင်းသီးသန့်ပို့ချခြင်းများအားလက်ခံကျင်းပခြင်းနှင့်စီးပွားရေးလုပ်ငန်းများဖြင့်အတူတကွလက်တွဲကာ၄င်းတို့အဖွဲ့၏လိုအပ်ချက်ကိုအခြေခံ၍ဘာသာစကားသင်တန်းများအားပို့ချခြင်းများလုပ်ဆောင်ပေးပါသည်။
နောင်လာမျိုးဆက်
ဖြင့်နောင်လာနောက်သားများအား၎င်းတို့၏အသိုင်းအဝိုင်းအတွင်းရှိဘာသာစကားများ,ယဉ်ကျေးမှုများနှင့်၎င်းတို့၏အိမ်နီးချင်းများအားမည်သို့နားလည်ရမည်ကိုသင်ကြားပေးရန်ယခင်ကထက်ပို၍
အရေးကြီးပါသည်။ လက်ရှိတွင်ကျွန်ုပ်တို့သည် ထိုကဲ့သို့သင်ကြားမှုပေးသော ကျူရှင်ဝန်ဆောင်မှု များပေးနေပြီးလူငယ်များနှင့်ချိတ်ဆက်ရန်ရည်ရွယ်သောလူထုအကျိုးပြုသင်တန်းများကိုကမ်းလှမ်းရန်လည်းစီစဉ်လျက်ရှိသည်။
ကျွန်ုပ်တို့အားပံ့ပိုးထောက်ခံသူများ
ကျွန်ုပ်တို့ နှင့်လက်တွဲလုပ်ကိုင်သူများ
ကျွန်တော်တို့အဖွဲ့နဲ့ တွေ့ဆုံပါ
Leah Whitney Chavez– အမှုဆောင်ဒါရိုက်တာနှင့်တည်ထောင်သူ
Leah Whitney Chavez သည် World Speaks Omaha အကျိုးအမြတ်မယူသောအဖွဲ့အစည်း ၏တည်ထောင်သူနှင့်အမှုဆောင်ဒါရိုက်တာဖြစ်ပြီးသူမအနေဖြင့်ဘာသာစကားအခက်အခဲဆီးတားမှုများနှင့်လူ့အဖွဲ့အစည်းများကိုခွဲခြားလေ့ရှိသည့်ယဉ်ကျေးမှုကွဲပြားမှုများကြားမှကျွန်ုပ်တို့မြို့ကို ချိတ်ဆက်ကူညီရန်ရည်ရွယ်ကြိုးပမ်းသူဖြစ်သည်။ စပိန်ဘာသာဖြင့်နိုင်ငံခြားဘာသာစကားနှင့် စာပေဆိုင်ရာဘွဲ့ဒီဂရီရရှိပြီးဘာသာစကားနှစ်မျိုးကျွမ်းကျင်ကာငယ်စဉ်ကတည်းကလက်တင် ယဉ်ကျေးမှုကိုတန်ဖိုးထားသူဖြစ်သည်။သူမသည်သူမ၏ခင်ပွန်း Randy Chavez နှင့်လက်ထပ် ထားသည်။
“ကျွန်မကို Washington ပြည်နယ် Bellevueမြို့ မှာမွေးဖွားခဲ့ပြီးမတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ဝန်းရံ ပြီးကြီးပြင်းခဲ့ပါတယ်။ ကျွန်မသူငယ်ချင်းအုပ်စုထဲမှာတရုတ်၊ လက်တင်နို၊ အိန္ဒိယ၊ လူမည်း၊ လူဖြူ ကလေးတွေပါတာကိုမှတ်မိတယ်။ ကျွန်မတို့အားလုံးတစ်ရပ်ကွက်တည်းမှာနေထိုင်ကြပြီးကျောင်း ကားနေ့တိုင်းအတူတူစီးကြပါတယ်။ နိုင်ငံတစ်ခုအနေနဲ့မတူကွဲပြားတဲ့လူတွေအများကြီးနဲ့ပြည့်နေ တဲ့နယ်နိမိတ်ရတာဟာကောင်းတယ်လို့ကျွန်မယုံကြည်တယ်။ဒါဟာကျွန်မတို့ရဲ့စွန်းအားဖြစ်တယ်။ ဒါကဂုဏ်ပြုအောင်ပွဲခံစရာတစ်ခုပါပဲ။”
Leah@worldspeaksomaha.org
Paulina Campos Guzman - ပရိုဂရမ်မန်နေဂျာ
ဆန်တီယာဂိုဒီချီလီတွင်မွေးဖွားကြီးပြင်းလာသူ Paulina သည်အင်္ဂလိပ်ဘာသာဗေဒနှင့် စာပေဘွဲ့ ကိုသင်ယူခဲ့ပြီးစပိန်ဘာသာစကားကိုဒုတိယဘာသာစကားအဖြစ်သင်ကြားရန်လက်မှတ်များနှင့်လူ ထုအကျိုးပြုဘာသာပြန်ခြင်းဆိုင်ရာလက်မှတ်တို့ကိုရရှိခဲ့သည်။ Paulina သည်ငယ်ရွယ်စဉ်တွင်မ တူညီသောနိုင်ငံတကာလေကြောင်းလိုင်းများတွင်လေကြောင်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီးကမ္ဘာလှည့်ခရီးထွက်ခြင်း၊မတူညီသောနိုင်ငံများတွင်နေထိုင်ခြင်း၊ အခြားဘာသာစကားများ ကိုလေ့လာခြင်း၊ ချိတ်ဆက်မှုများဖန်တီးခြင်းနှင့်မတူညီသောယဉ်ကျေးမှုများမှတဆင့်ဘဝအတွေ့ အကြုံများကိုရယူခဲ့သည်။ Paulina သည်ဘာသာစကားရယူသုံးစွဲနိုင်မှု၊စားနပ်ရိက္ခာအရင်းအမြစ် များနှင့်ပညာရေးစသည့်ပြဿနာများကိုဖြေရှင်းရန်အတွက်ပတ်၀န်းကျင်မှအသင်းအဖွဲ့များနှင့်အ ခြားသောအကျိုးအမြတ်မယူသောအဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်သည့်အသိုင်းအဝိုင်းတွင်တက်ကြွစွာပါဝင်ရန်အမြဲစိတ်အားထက်သန်ခဲ့သည်။ Paulinaသည်World Speaksအဖွဲ့တွင် ပထမ ဆုံးအနေနှင့်စကားပြန်၊ဘာသာပြန်နှင့်စပိန်ဘာသာနည်းပြအဖြစ်စတင်ပြီးပရိုဂရမ်မန်နေဂျာအဖြစ် ယခုနောက်ပိုင်းတာ၀န်ထမ်းဆောင်နေသည်။
“လူမှု့အသိုင်းအဝိုင်းနဲ့လက်တွဲလုပ်ဆောင်ခြင်းကကျွန်မဆီမှာအလွန်အစွမ်းထက်လှပသောအရာ
တစ်ခုနိုးထစေခဲ့ပြီးနောက်ကျွန်မအနေနဲ့အခြားအလုပ်တစ်ခုကိုပြောင်းလဲလုပ်ကိုင်ဖို့မရှိတော့ပါ။
တူညီသောရည်မှန်းချက်ရှိတဲ့အံ့ဖွယ်ကောင်းသောလူများနှင့်အဖွဲ့အစည်းများစွာကိုတွေ့ဆုံရခြင်း -အပြောင်းအလဲတစ်ခုဖန်တီးရန်နှင့်ခြားနားမှုတစ်ခုပြုလုပ်ရန် -စတဲ့အရာများကနေလူတိုင်းကို ကိုယ်စားပြုပြီးပိုမိုပွင့်လင်းသာတူညီမျှသောလူ့အဖွဲ့အစည်းဆီသို့ဆက်လက်တိုက်ပွဲဝင်ရန်ခွန်အား ဖြစ်စေပါတယ်။ ဒီမယုံကြည်နိုင်စရာကောင်းလောက်အောင်ကောင်းမွန်တဲ့အဖွဲ့အစည်းရဲ့တစ်စိတ် တစ်ပိုင်းဖြစ်ရတဲ့အပေါ်စိတ်အားထက်သန်စွာဂုဏ်ယူမိပါတယ်။"
Paulinacg@worldspeaksomaha.org
Ivan B Lopez - စကားပြန်နှင့် ဘာသာဗေဒ မဟာဗျူဟာ ပညာရှင်
Ivan Lopez သည် အိုမဟာမြို့တွင် မွေးဖွား ကြီးပြင်ပြီး ဆေးဘက်ဆိုင်ရာ စကားပြန်နိုင်သည့် တရား၀င်လက်မှတ်ရရှိထားသူဖြစ်ပြီး မက္ကစီကန် လူမျိုး နွယ်ဖွားတစ်ဦး ဖြစ်သည်။ နီဘရားစကားပြည်နယ် ခေါနီ တက္ကသိုလ်မှ စပိန် ဘာသာပြန်နှင့် စကားပြန်ဘာသာရပ်၊ ပြင်သစ်ယဉ်ကျေးမှုနှင့် သမိုင်းဘာသာ ရပ်၊ နှင့် ကျန်းမာ ရေး သိပ္ပံဘွဲ့ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါသည်။
တတိယ ဘာသာစကားသင်ယူခဲ့ရာမှတဆင့် သူသည် ပြောဆိုဆက်ဆံရေး အတွက် လုပ်ဆောင်လိုသည့် စိတ်ဆန္ဒ စတင်ပြင်းပြလာပြီး အချင်းချင်းအကြား နားလည်မှုရှိခြင်းက အရေးကြီးသည့်အရာတစ်ခုဖြစ်ကြောင်းကို အသိပညာ ပေးလိုသည့် ရည်ရွယ်ချက်နှင့်အတူ သူ၏အတွေ့အကြုံများအား မျှဝေနိုင်ရန် ဦးတည်ဆွဲးဆောင်စေခဲ့ပါသည်။ တက္ကသိုလ်မှ စပိန်နှင့် ပြင်သစ်ဘာသာ ကျူရှင်ဆရာမှတဆင့်၊ နိုင်ငံရပ်ခြား ပြင်သစ်နိုင်ငံ၊ Martinique တွင် သင်တန်းပို့ချရန်၊ ပဏာမဆေးပညာဝေါဟာရနှင့် လူမှုအသိုင်းအ၀ိုင်းတွင် စကားပြန်ပေးနိုင်မည့် သင်တန်းပို့ချရန်၊ MICATA နှင့် NATI အတွက် ညီလာခံ တင်ဆက်ရန် သူအားကရုတစိုတ်နားထောင်ပေးမည့် မည့်သူ့နှင့်မဆို သူ၏ အတွေ့အကြုံများအားဆက်လက် ဖလှယ်သွားပါမည်။ တစ်ဦးနှင်တစ်ဦး အကြား ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်မှသာလျှင် အားလုံးအတွက် နားလည်မှု ရရှိမှာ ဖြစ်ပါသည်။
“နိုင်ငံရပ်ခြားလူမှု့အသိုင်းအ၀ိုင်းနှင့် မိမိ၏မွေးရပ်မြေမှလူမှုအသိုင်အ၀ိုင်း နှစ်ခုစလုံးတွင် အလုပ်လုပ်ဖူးသည့်အတွေ့အကြုံအရ လူမှု့ဆက်ဆံရေးအတွက် ဘာသာစကားရရှိနိုင်ရေးသည် ကျန်းမာရေးအတွက် အခရာကျပြီး ဦးစားပေး ရမည့်အရာတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ မိမိလိုအပ်သော ဘာသာစကား ရယူခွင့် ဆုံးရှုံးပါက မျှတမှုကင်းမဲ့ပြီး နားလည်မှုလွဲးမှားစေနိုင်ပါတယ်။ ကျွန်တော်က ဝေါစပိစ့်အဖွဲ့အစည်းမှတဆင့် ကျွန်တော်ဆန္ဒရှိသည့်အတိုင်း တတ်ကျွမ်းထားသည့် ပညာနှင့်အတူ လူမှုအဖွဲ့အစည်းကို အကျိုးပြုနိုင်ခွင့် ရရှိသည့်အတွက် အရမ်းကျေးဇူးခံစားရပါတယ်။”
IvanL@worldspeaksomaha.org
Amber Coleman - အုပ်ချုပ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး
Amberc@worldspeaksomaha.org
Randy Whitney Chavez - စေတနာ့ဝန်ထမ်း ဆက်သွယ်ရေးမန်နေဂျာ
Randy သည် ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ်နှင့်အဓိကဘွဲ့ရရှိထားသူဖြစ်ပြီး ကြော်ငြာအမှတ်တံဆိပ်ဆိုင်ရာအတတ်ပညာဘာသာရပ်ကိုလည်း သာမန် ဘာသာရပ်အဖြစ်လေ့လာသင်ယူခဲ့ပါသည်။ သူသည်ကုန်အမှတ်တံဆိပ် တီထွင်ပြုလုပ်ခြင်းအတတ်ပညာကိုလဲ အထူးဘာသာရပ်တစ်ခုအနေဖြင့်လဲ လေ့လာတတ်မြှောက်ထားပါသည်။ သူသည် Leah Whitney Chavez ဆိုသူနှင့်လက်ထပ်ထားပြီး ဝေါ်စပိခ် (World Speak) ၏ လုပ်ငန်းဆောင် တာအသစ်များကို နောက်ကွယ်မှဖန်တီးပေးနေသူဖြစ်ပါသည်။ သူသည် ရွှေ့ပြောင်းနေထိုင်သော နောက်ခံ သမိုင်းရှိပြီး လော့အင်ဂျ်လစ်မြို့ တွင်မွေးဖွားကာ မက္ကစီကိုတွင် ကြီးပြင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ Randy သည်စပိန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သူတစ်ဦး လဲ ဖြစ်ပါသည်။
“World Speaks ရဲ့ ရည်မှန်းချက်ကိုကျွန်တော်ယုံကြည်ပါတယ်။ မတူကွဲပြားမှုသည် ကျွန်ုပ်တို့၏ ကျောင်းများ၊သူငယ်ချင်းအုပ်စုများ၊အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများကိုခိုင်မာကြွယ်ဝစေ သည်။ ဒီအရာကိုဒီဇိုင်းပညာမှတဆင့်နဲ့ဖော်ပြရမှာကိုစိတ်လှုပ်ရှား၀မ်းသာမိပါတယ်။”
Randyc@worldspeaksomaha.org
အကြံပေးဘုတ်အဖွဲ့ဝင်များ
Jasmine Elmore
ဥက္ကဌ
ဖေါ့ထ်၀ါထမီ ကောင်တီ စီမံခန့်ခွဲးရေးအဖွဲ့ ဒါရိုက်တာ
ဒေါက်တာ Melanie Bloom
ဒုဥက္ကဌ
ဝိဇ္ဇာနှင့်သိပ္ပံကောလိပ်မှ ဌာနမှူး - University of Nebraska at Omaha
Krystal Rider
ဘဏ္ဍာရေးမှူး
အိုမဟာ အချက်အလက်ကျွမ်းကျင် သိပ္ပံကျောင်း ဥက္ကဌ
Candy Zollicoffer
ဒါရိုက်တာ
လုပ်ငန်းခွင်ကြီးကြပ်ရေးဌာန – I Be Black Girl အသင်း
Hannah Michelle Bussa
ဒါရိုက်တာ
အသိုင်းအဝိုင်းအဖွဲ့ဝင်
ဘရိုင်ယန် တိုပီ
အတွင်းရေးမှူး
FDMR, Inc. အထွေထွေအကြံပေးကောင်စီ
အနဟီ ဆာလာဇာ
ဒါရိုက်တာ
မူဝါဒညှိနှိုင်းရေးမှူး – ကလေးများအတွက် အသံများ
အကြံပေးဘုတ်အဖွဲ့
Brittany Young – တွဲဖက်တည်ထောင်သူနှင့်အမှုဆောင်ဦးစီးချုပ် – Start Center Omaha
Patti McAtee – ဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာ – Project Control
ကျွန်ုပ်တို့၏သတင်းလွှာအတွက်စာရင်းသွင်းပါ!
ကျွန်ုပ်တို့သည်လူမှုအဖွဲ့အစည်းအတွင်းမှလူများအားလုံးထံသို့အရေးကြီးအချက်အလက်များ,အကူအညီအရင်းမြစ်များ,ဆက်ဆံရေးအခွင့်အလမ်းများရရှိစေရန်နှင့်မိမိတို့၏လူမှု့အသိုင်း၀ိုင်းဖြစ်တည်ခြင်းအပေါ်မိမိတို့၏ဆန္ဒပြုထင်မြင်ချက်ပေးရန်ဘာသာစကားအခက်အခဲအဆီးအတားများကိုဖယ်ရှားပေးပါသည်။
စာပို့လိပ်စာ:
World Speaks
7914 W Dodge Rd #475
Omaha, NE 68114